ဟိုတယ်လုပ်ငန်းခွင်အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောက်တည်ထားသည့် သင်တန်းကျောင်း
ဂျပန်ဟိုတယ်သင်တန်းကျောင်းကို ဟိုတယ်လုပ်ငန်းခွင်၏ လိုအပ်ချက်များနှင့်အညီ ဝန်ဆောင်မှုအပိုင်းတွင် သူမတူကျွမ်းကျင်သူများအား လေ့ကျင့်ပေးရန် ရည်စူး၍ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ကျွမ်းကျင်အရည်အသွေးများ ဖော်ထုတ်နိုင်အောင် ထိပ်တန်းသင်ရိုးညွှန်းတမ်းများ၊ ဝန်ဆောင်မှုများ၊ အဆောက်အဦးများနှင့် ဆရာများ ရှိနေပါသည်။ ပြည်နယ်နှင့် ထိပ်တန်းဟိုတယ်များ၏ ထောက်ပံ့မှုများမှတစ်ဆင့် ကျောင်းအတွက် အခြေခံအုတ်မြစ်ကိုတည်ခဲ့ခြင်းဖြစ်သည်။ ဤသည်ကြောင့် ထိပ်တန်းဟိုတယ်ကြီးများအတွက် လိုအပ်သည့် အရည်အသွေးကောင်း ဝန်ထမ်းများကို နှစ်စဉ် မွေးထုတ်နိုင်ခြင်းဖြစ်သည်။
တည်းခိုသူများကို ပျော်ရွင်မှု ဆောင်ကြဉ်းပေးနိုင်မယ့် အလုပ်
ပထမတန်းစား ဝန်ဆောင်မှုပေး ကျွမ်းကျင်သူတို့ဟာ ဟိုတယ်ခန်းမ၊ စားသောက်ခန်း ဘားများ၊ ဘုရားကျောင်းများ၊ အစည်းအဝေးပွဲခန်းများ၊ မင်္ဂလာခန်းမနေရာများကို မြူးကြွမှုများ သယ်ယူလာနိုင်ပါတယ် ။ ဂျပန်ဟိုတယ်ကျောင်းဟာ ထိုအရည်အချည်းများကို မွေးထုတ်ပေးနေတဲ့ ကျောင်းပဲဖြစ်ပါသည်
ဂျပန်ဟိုတယ်ကျောင်းဟာ ဟိုတယ်နှင့် မင်္ဂလာဆောင်လုပ်ငန်းအတွက် ထိပ်တန်းအရည်အသွေးများကို နှစ်ပေါင်း(၃၀)တိုင်တိုင် လေ့ကျင့်သင်ကြားပေးနေခဲ့ပါတယ်။ဟိုတယ်နှင့် မင်္ဂလာဆောင်အခမ်းအနားတွေမှာ လက်တွေ့ပါဝင်လုပ်ဆောင်ခွင့်ရတာတွေဟာ ဂျပန်ဟိုတယ်ကျောင်းအတွက် အဓိက လမ်းညွှန်သင်ကြားပေးနည်းပဲဖြစ်ပါတယ်။ ဒါဟာ လုပ်ငန်းခွင်မှ ထိပ်တန်းအရည်အချည်းများမွေးထုတ်ပေးနိုင်ရန် လိုအပ်တဲ့ စွမ်းရည်သင်ယူနိုင်စွမ်းနှင့် ဝန်ဆောင်မှုပေးနိုင်စွမ်းကို ရရှိစေပါတယ်။ သင့်စိတ်ကူးထဲက အလုပ်အကိုင်အတွက် ပထမခြေလှမ်းကို စတင်လိုက်ပါ။
【ဟိုတယ်ပိုင်းဆိုင်ရာအထူးပြု】
ဟိုတယ်ပိုင်းနှင့်သက်ဆိုင်သော စည်းကမ်းချက်များကို စနစ်တကျသင်ကြားယူနိုင်ခြင်း
【အင်္ဂလိပ်စာအထူးပြု】
အင်္ဂလိပ်စာကို ကျွမ်းကျင်မှု တိုးမြှင့်ခြင်း
နိုင်ငံတကာ ဟိုတယ်စီမံခန့်ခွဲမှုတွင် ကျွမ်းကျင်မှုများ ပျိုးထောင်ပေးခြင်း
ထိုသို့ ကျွမ်းကျင်သည့် အရည်အချင်းများသည် ဟိုတယ်လုပ်ငန်းများ ၏ –
ဧည့်ကြိုဆောင်များ၊ တိုးရစ်လမ်းပြများ၊ ပစ္စည်းပို့သူများ၊ တံခါးစောင့်များ၊ သန့်ရှင်းရေးများ၊ စားသောက်ပြင်ဆင်နေရာများ၊ ဘိုကင်နေရာများ၊ စားသောက်ပွဲဝန်ဆောင်မှု၊ အခန်းပြင်ဝန်ဆောင်မှု၊ ဝိုင်အရသာခံဝန်ထမ်း၊ ဈေးကွက်ကျွမ်းကျင်ဝန်ထမ်း၊ ပရိုမိုရှင်းနှင့် စီမံပိုင်းဆိုင်ရာဝန်ထမ်းနေရာများမှာ အသုံးချနိုင်ပါတယ်။
အောက်ပါ အရည်အသွေးသတ်မှတ်ချက်များကိုလည်း ရရှိနိုင်ပါတယ်။
ဟိုတယ်လုပ်ငန်း လက်တွေ့အသုံးချပညာရပ်၊ အစားအသောက်ဝန်ဆောင်မှုပေးခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည် ၊ TOEIC ၊ ခရီးသွားအင်္ဂလိပ်စာ၊ အတွင်းရေးမှူးစွမ်းရည်၊ အချက်အလက်ဖြစ်စဉ်ပြုလုပ်ခြင်း နှင့် အသုံးချခြင်း၊ လက်တွေ့အင်္ဂလိပ်စာ၊ Microsoft Office နည်းပညာရှင်တို့အတွက် အထောက်အထားလက်မှတ်။
【မင်္ဂလာပွဲပြင်ဆင်ခြင်းအထူးပြု】
ခမ်းနားသော မင်္ဂလာပွဲများကို စီမံခန့်ခွဲနိုင်မယ့် အရည်အသွေးများ ပျိုးထောင်ပေးခြင်း
ထိုသို့ ကျွမ်းကျင်သည့် အရည်အချင်းများသည် မင်္ဂလာပွဲလုပ်ငန်းများ ၏ –
မင်္ဂလာပွဲပြင်ဆင်မှု၊ စားပွဲခုံများပြင်ဆင်မှု၊ ဝတ်စုံဒီဇိုင်း၊ ခန်းမနေရာဌားရမ်းခြင်းနှင့် ဝန်ဆောင်မှု၊ အခြားပြင်ဆင်မှုများတွင် အသုံးချနိုင်ပါသည်။
အောက်ပါ အရည်အသွေးသတ်မှတ်ချက်များကိုလည်း ရရှိနိုင်ပါတယ်။
လက်ထောက်၊ မင်္ဂလာပွဲခန်းအနားနှင့် ဟိုတယ်လုပ်ငန်းအထွေထွေဆိုင်ရာ ကျွမ်းကျင်မှုလက်မှတ်၊ ဟိုတယ်လုပ်ငန်း လက်တွေ့အသုံးချပညာရပ်၊ လုပ်ငန်းစွမ်းဆောင်ရည်၊ TOEIC ၊ ခရီးသွားအင်္ဂလိပ်စာ၊ အတွင်းရေးမှူးစွမ်းရည်၊ အချက်အလက်ဖြစ်စဉ်ပြုလုပ်ခြင်း နှင့် အသုံးချခြင်း လက်တွေ့အင်္ဂလိပ်စာ၊ Microsoft Office နည်းပညာရှင်တို့အတွက် အထောက်အထားလက်မှတ်။
အထူးကျွမ်းကျင်ပညာရပ်များ အားလုံးအတွက် Professional Qualification Certificates များကို ချီးမြှင့်ပေးသွားမှာပဲဖြစ်ပါတယ်။